ဟောပြောပွဲသပိတ်ပြုလုပ်ခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

Photo- CJ

ကလေးမြို့နယ်သပိတ်အင်အားစုနဲ့ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂပူးပေါင်းပြီး ကျောင်းသူ ကျောင်းသားလူငယ်တွေနဲ့အတူ ဒီကနေ့ ကလေးမြို့ မှာအာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲသပိတ်ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

” ဆလိုင်းတင်မောင်ဦးနှစ်ပတ်လည်နေ့ကလည်း နီးလာပြီဆိုတော့ အထက်တန်းကျောင်းသူကျောင်း သားလူငယ်တွေကို သူ့အတ္ထုပ္ပတိအကြောင်း ဟော ပြောကြတယ်” လို့ သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကလေးမြို့ပင်မသပိတ်ကော်မတီနဲ့ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဟာ အောက်တို ဘာ (၁၂) ရက်မနေ့ကလည်း မြို့နယ်တွင်းတခြားတစ်နေရာက ကျောင်းသူကျောင်းသားတွေကို သွား ရောက် ဟော ပြောခဲ့တယ်လို့သိရပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ 

သပိတ်မှောက်လာတာရက်ပေါင်း(၆၁၄)ရက်ရှိခဲ့ပြီဖြစ်ပါတယ်။