မင်းတပ်မြို့ ခလရ(၂၇၄) တပ်စခန်းကို CDF- Mindat က ဝင်ရောက်တိုက်ခိုက်

Photo – Google

မင်းတပ်မြို့နဲ့သုံးမိုင်ဝန်းကျင်ကွာတဲ့ မင်းတပ် မတူပီ ပြည်ထောင်စုလမ်းမကြီးပေါ်က နယ်မြေခံ စစ် ကောင်စီတပ် ခလရ (၂၇၄) ရဲ့ လက်နက်ကြီး အထိုင်ချရာနေရာကို ဒီကနေ့အောက်တိုဘာလ (၅) ရက်နေ့ မနက်ပိုင်းမှာ အနီးကပ်ဝင်ရော က်တိုက် ခိုက်ခဲ့တယ်လို့ CDF – Mindat ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။

“အရပ်သား ပြည်သူ တွေနေတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ အမြဲတမ်း ရမ်းပစ်လို့ တန်ပြန် တိုက်ခိုက်တာပါ” လို့ ပြန်ကြားရေးတာဝန် ခံကပြောပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီးCDF – Mindat တပ်ဖွဲ့ ဝင်တွေ ထိခိုက်တာမရှိဘူး လို့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီးမှာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီး အချက်နှစ်ဆယ်ဝန်းကျင်ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့( ၆ )မိုင်တက္ကသိုလ် သွားရာလမ်းအနီးက နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ခုတလော အဲဒီနားက ရွာသားတွေ၊ပြည်သူတွေ က လက်နက်ကြီး ကနေလွတ်မြောက်ရာမှာ စစ်ရှောင် နေကြတာများတယ်၊ဒါပေမယ့် ပြောလို့တော့မရဘူး ၊တချို့က နေအိမ်ထဲ ပုန်းပြီးနေခဲ့တာတွေရှိတော့ လူထိခိုက်မှု့ ရှိမရှိ စုံစမ်းနေ တုန်းပါ” လို့ ပြန်ကြား ရေးတာဝန်ခံကပြောပါတယ်။

စစ်​ကောင်စီဘက်က ထိခိုက်မှုကိုအတိအကျမသိ ရပေမယ့် တိုက်ခိုက်မှုအပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ခလရ(၂၇၄)တပ်ထဲကို လူနာတင်ယာဥ်တွေ အလော တကြီးဝင်သွားပြီး စစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့ သိရပါတယ်။