ကန့်ဘလူ မြောက်ခြမ်းမှာ စစ်တပ်က ရွာတွေကို မီးရှို့နေလို့ ပြည်သူ ခုနစ်ထောင်ကျော်တိမ်းရှောင်နေရ

Photo – Google

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းမှာ ရှိတဲ့ ဖော်ချောင်းရွာကို စစ်တပ်က ဒီကနေ့ အောက်တိုဘာ (၄)ရက်မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် ဝင်ရောက်ကာ ကျေးရွာတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ လို့ ဖော်ချောင်းရွာ အပါအဝင် အနီးဝန်းကျင် ရွာ လေးရွာက ပြည်သူပေါင်း ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်း ရှောင် နေရတယ်လို့ သိရပါတယ်။

“အဲ့ဘက်မှာ ရွာတွေကကြီးတယ်၊အိမ်ခြေများတယ်ပေါ့ဗျာ၊အခုမီးရှို့တဲ့စစ်ကြောင်းက ခမရ(၃၆၃) ပါဗျ၊ ကန့် ဘလူမြို့နယ် မြောက်ခြမ်း ကိုးတောင် ဘို့ရွာမှာ အထိုင်ချထားတာ ၅လနီးပါးရှိပါပြီ “ လို့ ကျွန်းလှတက် ကြွလှုပ် ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦး က DNA ကိုပြောပါတယ်။

ကိုးတောင်ဘို့တိုက်နယ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့လကတည်းက အနီးအနားက ရွာ တွေကို စစ်ကြောင်းထိုးတာ မီးရှို့တာတွေ ပြုလုပ်နေပြီး စက်တင်ဘာ (၃၀) ရက်နေ့ကလည်း ဥသျှစ် ကုန်းရွာနဲ့ လျှော်ဖြူ ကုန်း ရွာတွေကို ဝင်ရောက် မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငါးနှစ်အရွယ်ကလေးတဦး သေဆုံးခဲ့ တဲ့အပြင် တခြားထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

“တိုက်ပွဲမရှိဘဲ ကိုးတောင်ဘို့ပတ်ပတ်လည်ရွာတွေကို တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီး၊လုယက်တာ ၊လူသားဒိုင်း အဖြစ်ဖမ်းဆီးတာ အသက်အရွယ်ငယ်တာကြီးတာ မရှောင် လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်တာတွေ လုပ်ပါ တယ်“ လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုပြီး ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေကြောင့် ကျွန်းလှမြို့နယ် အပါအဝင်ကန့်ဘလူခရိုင်တခုလုံးအနေနဲ့ စစ်ဘေးရှောင်သုံးသောင်းနီးပါးရှိနေပြီလို့ သိရပါတယ်။