မြောက်ဥက္ကလာ ရွှေပေါက်ကံမှာ စစ်တပ်လုံခြုံရေးဂိတ် ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံတံတားအဆင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့မီးသတ်ဌာနကြားကစစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့နေရာကို ဒီကနေ့ ညနေပိုင်းမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်ရာ ဇာပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကိုEastern Red Lionအဖွဲ့နဲ့ဂဠုန်ရာဇာပျောက်ကြားအဖွဲ့တို့ကပူးပေါင်းပြီး ဒီကနေ့ စက်တင်ဘာ ၂၇ရက် ညနေ ၄နာရီခန့်က လက်ပစ် ဗုံးပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Eastern Red Lionအဖွဲ့တာဝန်ရှိသူ တစ်ဦးက DNAကိုပြောပါတယ်။
“ဘန်ကာတော့ မဟုတ်ဘူး သူတို့စစ်ဆေးဖို့ စောင့်တဲ့နေရာ။ထိတယ်ကြားတယ်။သေချာတော့မသိဘူး”လို့ Eastern Red Lionအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ အဖွဲ့ဝင်တွေဟာ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အများပြည်သူအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေ အနီးပတ်ဝန်းကျင်ကိုရှောင်ရှားသွားလာဖို့ Eastern Red Lionအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေ ၄နာရီခွဲဝန်းကျင်က လှိုင်မြို့နယ်၊ရန်ကုန်-အင်းစိန်လမ်းမပေါ်က မြို့နယ်လျှပ်စစ်ရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဗုံး၊သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ခြောက်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေပြောဆိုမှုအရသိရှိရပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာာ မသိရသေးပါဘူး။
လှိုင်မြို့နယ်လျှပ်စစ်ရုံးဟာ၂၀၂၁ခုနှစ်၊အောက်တိုဘာ (၂၂)ရက်နဲ့ အခုနှစ်၊သြဂုတ်( ၂၆)ရက်တွေမှာလည်း ပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီကနေ့ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ဟာ သုံးကြိမ်မြောက်တိုက်ခိုက်ခံရတာပါ။