မိုးဗြဲမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နှစ်ရက်အတွင်းမှာ စစ်ကောက်စီဘက်က ထိခိုက်သေဆုံးမှု အများအပြား ရှိတယ်လို့ မိုးဗြဲPDFအဖွဲ့က ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေး ဘူးလို့ဆိုပါတယ်။
“အခုအချိန်အထိ တိုက်ပွဲကပြင်းထန်နေတုန်းပါပဲ၊လက်နက်ကြီးတွေနဲ့ တနေကုန်ပစ်နေတာ၊တင့်ကားတွေ လည်း ပါတယ်”လို့ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တဦးက အခုညပိုင်းမှာ DNA ကို ပြောပါတယ်။
မိုးဗြဲ PDF တပ်ဖွဲ့ကိုတော့ DNAအနေနဲ့ လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။စစ်ကောင်စီက ဖမ်းဆီးထားပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တဲ့ ပြည်သူ တရာထဲက တချို့ပြန်လည်လွတ်မြောက် လာတာရှိပေမယ့် ဆက်လက်ထိ န်းသိမ်းခံနေရသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့မိုးဗြဲ PDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ တင့်ကားတွေ အဆ မတန်အသုံးပြုတိုက်ခိုက်နေပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူးလို့ မိုးဗြဲPDF အဖွဲ့ကဆိုပါတယ်။
စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ကို စက်တင်ဘာ (၁၉)ရက် မနက်အစောပိုင်းမှာ အင်အားအများအပြားနဲ့ စစ် ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ မြို့အတွင်း တပ်စွဲနေရာယူနိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။
တိုက်ပွဲစဖြစ်တဲ့ စက်တင်ဘာ (၁၉)ရက်မှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ရဲဘော်တဦးနဲ့ ရဲမေတဦး ကျဆုံးခဲ့ပြီး တဦးစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။