စစ်ကောင်စီရဲတပ်သားတဦး CDF ကန်ပက်လက်တပ်ဖွဲ့ဆီ လက်နက်အပ်ပြီး CDMလုပ်

Photo- Chin Defence Force -Kanpetlet
ချင်းပြည်နယ်ကန်ပက်လက်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ကောင်စီရဲတပ်သားတဦးဟာ လက်နက်နဲ့ ခဲယမ်းတွေ အပ်နှံပြီး CDM ပြုလုပ်ခဲ့တယ်လို့ CDF ကန်ပက်လက်က ဒီကနေ့ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ကို Page ကနေ အလင်း၀င်ချင်တယ်ဆိုပြီးဆက်သွယ်လာတယ်၊ကျွန်တော်တို့ကလည်း ဘယ်လို လက် နက်ကိုယူလာရင် ဘယ်လောက်ပေးမယ်ဆိုတာကိုလည်းပြောဆိုပြီးမှ cdm၀င်လာတာပါ ‘လို့ CDF ကန်ပက်လက် တာ၀န်ရှိသူတဦးက DNAကိုပြောပါတယ်။
CDM ဝင်လာတဲ့ ရဲတပ်သားဟာ နေပြည်တော်ရဲတပ်ရင်း(၁၇)က ကိုယ်ပိုင်အမှတ် တသ၊လ_၂၆၆၇ ရဲတပ်သား ပြည့် ဖြိုးဇင်ဖြစ်ပြီး G3-ရိုင်ဖယ် သေနတ်တလက်၊M-16 ရိုင်ဖယ်သေနတ်အပါအဝင် ခဲယမ်းတွေနဲ့အတူ CDM ဝင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီရဲတပ်သားကို CDF kanpetlet က ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ငွေကိုပေးအပ်ခဲ့ပြီး ကာယကံရှင်ရဲ့ သဘောဆန္ဒ အရ လွတ်မြောက်နယ်မြေ တခုကိုပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာဏာသိမ်းပြီးနောက် CDF ကန်ပက်လက် နဲ့ဆက်သွယ်ပြီး cdm ဝင်ခဲ့တဲ့ ရဲနှင့်စစ်သား ခုနစ်ဦးရှိပြီလို့ သိရပါတယ်။