ချင်းပြည်နယ်၊မတူပီမြို့ လေမျိုချောင်းအနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေရဲ့ ရုပ်အလောင်းတွေကို ကောက်ယူရှင်းလင်းပေးသူမရှိလို့ အနံ့ဆိုးဒဏ်ခံနေရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“မတူပီကနေ ရွာကိုအပြန် လမ်းမကောင်းလို့ဆိုင်ကယ်စောင့်ရင်း ခဏနားနေတာ၊အဲ့မှာပဲ လေတိုက်လာ တော့ လေတိုက်တဲ့ဖက်ကနေအနံ့ထွက်လာတယ်၊အလောင်းနံ့က တော်တော်လေး ကိုဆိုးတယ်”လို့ လေ မျိုချောင်း အ နီးဖြတ်သန်းခဲ့တဲ့ မြို့ခံခရီးသွား တစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းတွေကို စစ်တပ်က ကောက်ယူသင်္ဂြိုလ်ပေးတာမရှိသလို ဘယ်သူကမှလည်း ရှင်းလင်းပေးတာမရှိလို့ တိုက်ပွဲဖြစ်အပြီးတလလောက်ကြာချိန်အထိ အနံ့ဆိုးတွေထွက် နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
မတူပီမြို့က လေမျိုတံတား အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ CDF-မတူပီတို့ ဇူလိုင် လကုန်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကငါးဦးသေပြီး၊ လေးဦးအပြင်းအထန် ဒဏ် ရာရတယ်လို့ CDF-မတူပီက ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က မြို့နယ်တိုင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက် ပွဲတွေဖြစ်နေသလို မတူပီမြို့မှာလည်း နှစ်ဘက်တိုက်ပွဲတွေရှိနေတာဖြစ်ပါတယ်။