ဒေါနစစ်ကြောင်းရဲ့ အပတ်စဉ် ၆/၂၂ သင်တန်းဆင်းပွဲ အခမ်းအနားမှာ အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့ (NUG) ရဲ့ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပေးပို့ခဲ့တဲ့သဝဏ်လွှာမှာ ပြည်သူလူထုရဲ့ ဆုံးရှုံးသွားတဲ့ လူ့ဂုဏ်သိက္ခာ နဲ့ လူ့အခွင့်အရေးကို ပြန်လည်ရရှိနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး အတွက် PDF ဆိုတဲ့ သမိုင်းမော်ကွန်းတင်နိုင်ခဲ့တဲ့ ရဲဘော်တွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
ဒေါနစစ်ကြောင်းရဲ့ အပတ်စဉ် ၆/၂၂ သင်တန်းဆင်းပွဲကို ဩဂုတ်လ ၆ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ မှာ ကျင်းပခဲ့တာပါ ။ ဒီသင်တန်းဆင်းပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။