တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်ကြီးရွာမှာ လောင်းကစားဒိုင် ဇော်လတ်ကို လက်နက်ကိုင် အမည်မသိလူတစ်စုက ပစ်ခတ်ရှင်းလင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသတ်ခံရသူဟာ ပျုစောထီးအဖွဲ့ဝင်တဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူနေတဲ့ နေရာမှာဘဲ ပစ်ခံရတာ။ ပျူခွေးကတော့ပွဲချင်းပြီးသေဆုံးသွားတယ်။ သူသေတယ်ဆိုတာ ကြိမ်းသေလောက်မှ သေနတ်သမားတွေက ပြန်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ပြင်ကြီးရွာမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
သူဟာ ကိုယ်တိုင်လောင်းကစားဝိုင်းဒိုင်တဦးဖြစ်သလို လောင်းလုံးက PDF စခန်းနေရာကို သတင်းပေးတိုင်ကြားသူထဲမှာ တစ်ဦးဖြစ်တယ်လို့ ဖြစ်ပွားချိန်မှာ သေနတ်သမားတွေက ပြောခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဇော်လတ်ကို ပစ်ခတ်ရှင်းလင်းခဲ့တာဟာ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ် ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ဇော်လတ် အသတ်ခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကိုမေးမြန်းတာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဇော်လတ် ဟာ အရင်က မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးမှုကြောင့်ထောင်ကျဖူးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကအာဏာသိမ်းပြီးချိန်မှာ ပြန်လွတ်လာပြီး ပျူစောထီးခေါင်းဆောင် ဦးလေးလေးရဲ့ တပည့်အရင်းဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။