စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Photo- CJ
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မြေနီကုန်း ဂုံးတံတားအောက်မှာ ဒီကနေ နေ့လည် ၃နာရီအချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ဦး ၊အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွကပြောပါတယ်။
“မြေနီကုန်းတံတားအောက်မှာဖြစ်တာ ၊ ထိခိုက်ဒဏ်ရာရသူတွေရှိတယ် ၊ ကနဦး လူနာ၃ယောက်ကို ဆေးရုံပို့ဆောင်ထားပါတယ်ခင်ဗျ။ အမျိုးသမီး ၂ဦး ၊အမျိူးသား ၁ဦးပါ။”လို့ ရှင်စောပုရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အကြမ်းဖက်စစ်တပ် ရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊(၅)ထိပ်ပန်း ခြံနဲ့ ပီမိုးနင်းလမ်းထောင့်မှာအနီးမှာ ဒီကနေ့ မွန်းလွဲ ၂နာရီဝန်းကျင်ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ မနက် ၁၁အချိန်ခန့်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊အောင်မင်္ဂလာလမ်းထိပ်နဲ့ ဗညားဒလလမ်းအနီးမှာ အမှိုက်ကောက်တဲ့ ကလေးတွေက ဗုံးတွေ့ခဲ့တဲ့အတွက် အကြမ်းဖက် စစ်တပ်အဖွဲ့တွေရောက်လာပြီး ၁၂နာရီအချိန်မှာ ဗုံးကို ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။