လောင်းလုံးမှာ“အနီရောင်လွှမ်းတဲ့တနေ့ အာဏာရှင်ဆိတ်သုဥ်းခြင်းနိမိတ်”စာသားကိုင်ဆောင်ချီတက်

Photo – DDMSC
ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်မှာ နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ(ထားဝယ်) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြလူငယ်တွေက “အနီရောင်လွှမ်းတဲ့တနေ့ အာဏာရှင်ဆိတ်သုဥ်းခြင်းနိမိတ်” ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
အဆိုပါလှုပ်ရှားမှုကို LGBT၊ အခြေခံပညာကျောင်းသူ/သားများနဲ့ လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး “ဆိုရှယ်ဒီမိုကရက်တစ်” စာစဥ်တွေလည်း ဝေငှခဲ့ကြပါတယ်။
နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖိုနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေဖို့ ရည်ရွယ်ပြီး ထားဝယ်ခရိုင်အတွင်း ၂၀၂၁ သြဂုတ် ၂၈ ရက်ကစ ပြုလုပ်ခဲ့တာပါ။
Photo – DDMSC