ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြို့နယ်တွေထဲက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရုံး၊ဌာနနဲ့ ရန်သူ့သတင်းပေးတွေရဲ့အနီးနား သွားလာနေထိုင်မှုတွေမပြုလုပ်ဖို့ကို GOD’S HAND FORCESက တောင်းပန်တိုက်တွန်းစာတစ်စာင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
GOD’S HAND FORCESအနေနဲ့ ပြည်သူတွေကို အခုလို တောင်းပန်တိုက်တွန်းတာဟာ စစ် ဆင်ရေးအကောင်အထည်ဖော်ရာမှာ အများပြည်သူကိုငဲ့ညှာနေရတာကြောင့်လို့လည်း ဆိုထားပါတယ်။
အများပြည်သူကိုငဲ့ညှာပြီး ဆုပ်ခွာခဲ့ရတဲ့ စစ်ဆင်ရေးတွေဟာဆိုရင် ဇူလိုင်လအတွင်းမှာ စစ်ဆင်ရေး ၃ခုအထိ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
GOD’S HAND FORCES အနေနဲ့ အကြမ်းဖက်စစ်အုပ်စုက မြိုပြပြောက်ကျား(UG)တွေကို အပြင်းအထန် ပိုက်စိပ်တိုက်ဖမ်းဆီးနှိပ်ကွပ်နေတဲ့ကြားကတိုက်ခိုက်မှုတွေကို မြို့ပြမှာဆက်လက်လုပ်ဆောင်နေမှာဖြစ်တာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေရဲ့အနီးနားကို သွားလာနေထိုင်မှုမပြုလုပ်ဖို့ တောင်းပန်းတိုက်တွန်းရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။