မင်းတပ် တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုလေးယောက်သေဆုံးပြီး၊CDF ရဲဘော်တစ်ဦးကျဆုံး

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF – Mindatတို့ဖြစ်ပွားနေတဲ့ ညနေပိုင်းအချိန်တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုလေးဦးသေဆုံးပြီး CDF – Mindatတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ​ CDF – Mindat အဖွဲ့က ထုတ်ပြန်ပါတယ်။
CDF – Mindatအဖွဲ့က ရဲဘော်တစ်ဦးဟာညနေ ၃ နာရီတိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး တိုင်းပြည် အတွက်အသက်စွန့်သွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မကွေးတိုင်း၊ထီးလင်းမြို့နယ်ဘက်ကနေ မင်းတပ်ဘက်ကို တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ မင်းတပ် CDF ကင်းအဖွဲ့တို့ ဒီနေ့မနက်ပိုင်းကနေစပြီးပုလုံတွီ ရွာနားမှာခုခံတိုက်ခိုက်ခဲ့ရာကနေ ဒီနေ့ဇွန် ၂၉ရက်နေ့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်နေခဲ့တာပါ။
ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် တာကြောင့် မဒပ်ကျေးရွာက အသက် ၁၄အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေဟာဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လိုအပ်တာ တွေပံ့ပိုးပေးကြဖို့ကိုလည်း CDF – Mindat က နိူးဆော်ထားပါတယ်။