
စက်ရုံထုတ်နီးပါး အရည်အသွေးကောင်းမွန်တဲ့ မောင်းပြန်ဘောက်ဆွဲသေနတ်ကို ထုတ်လုပ်ပစ်ခတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
PDF ရဲဘော်တိုင်းအတွက် စက်ရုံထုတ်သေနတ်တွေ မတပ်ဆင်နိုင်သေးချိန်ဖြစ်တာကြောင့် အခုလို တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြောက်ယမား မောင်းပြန်သေနတ်ကို KA(7.62) ကျည်နဲ့ ပစ်လို့ရပါတယ်။
မြောက်ယမား မောင်းပြန်သေနတ်ကို အရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် ပြည်သူတွေ ငွေကြေးထောက်ပံ့ပေးဖို့ လည်း မေတ္တာရပ်ခံထားပါတယ်။
မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအဖွဲ့ အစည်းဖြစ်ပါတယ်။