ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
ဇွန် ၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ရွှေကူမြို့နယ်အတွင်း သင်္ဘောလုံခြုံရေးယူဖို့ မိုးစစ်ရွာကနေ ဆင်တပ်ရွာဘက် စစ်သား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို မြို့လှ KPDF အရန်က လမ်းခုလတ်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း မြို့လှ PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။
မြို့လှ KPDF အရန်တပ်က H-22 လက်လုပ်ရှေ့ထွက်မိုင်း ၄ လုံးအပြင် လက်ထောက်ကျည် (40 mm) နဲ့ စောင့်ကြိုပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်က လက်ထောက်သီးကျည်နဲ့ပြန်လည်ပစ်ခတ်ခဲ့ကာ ရွှေကူဆိပ်ကမ်းရှိ စစ်သင်္ဘောပေါ်ပေါ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပြီး ၈ ဦးလောက် ဒဏ်ရာရကာ မြို့လှ KPDF အရန်တပ်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ အသာစီးရယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။