“နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် တိုက်ခိုက်မှာမို့ လကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းဖို့ ဖြူး PDF သတိပေး

“နန်းထိုက်အောင်စစ်ဆင်ရေး”အစိတ်အပိုင်းအဖြစ်စစ်အုပ်စုထောက်တိုင်တွေဖြစ်တဲ့ ရဲ၊ စစ်သား၊ ပျူစောထီးအပါအဝင် မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တိုက်ခိုက်မှာဖြစ်လို့ လကုန်မတိုင်မီ ပြည်သူနဲ့ပူးပေါင်းဖို့ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (LPDF Phyu) က ဒီနေ့ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
သတိပေးချက်ကို လိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ကျားသစ်နက် ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊ Arrow အဖွဲ့၊ လင်းယုန်၊ တောရိုင်းနှင့် New မြို့ပြပြောက်ကျားအဖွဲ့တွေက ပူးပေါင်း ပြီး တိုင်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
တာဝန်မှ နှုတ်ထွက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းလိုသူတွေအတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် Phyu လူမှုကွန်ရက်မှတဆင့် ဆက်သွယ်နိုင်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားတာပါ။
လက်ရှိ “နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး” မှာ ရန်ကုန်တွင်သာမက ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အတွင်းမှာပါ ဆောင်ရွက်နေတာပါ။