တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ကို စစ်ဆေးဖို့ လာရောက်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းကို PDFတွေက ကြားဖြတ်ပစ်ခတ်ခဲ့ပြီး ၂ဦးထက်မနည်း သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၇ရက်နေ့ မနက် ၆နာရီခန့်မှာ လောင်းလုံးမြို့အဝင် ဆိုင်းဘုတ်အနီးကို ရောက်ရှိလာတဲ့ စစ်အုပ်စုကို ပြည်သူ့ပန်းတိုင်ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။
တိုက်ခိုက်မှုအတွင်းမှာ စစ်အုပ်စုက ၂ဦးထက်မနည်း သေဆုံးခဲ့ပေမယ့် ပြည်သူ့ပန်းတိုင်ပြောက်ကျားတပ်ဖွဲ့ကတော့ ထိခိုက်သူမရှိဘဲ စခန်းကို အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။