မြစ်သာမြစ်အရှေ့ဘက်ကမ်းက စစ်ရှောင်တွေခိုလှုံနေတဲ့ တောထဲအထိ စစ်အုပ်စုက စစ်ကြောင်းလိုက်ထိုးနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ ယောဒေသမှာ အကြမ်းဖက်စစ်အုပ်စု ရွာမီးရိူ့တာတွေကြောင့် ဒေသခံတွေဟာ မြစ်သာ မြစ်အရှေ့ဘက်ကမ်း အရှေ့တောင်ဘက်မှာ ပုန်းခိုနေကြရပါတယ်။ စစ်အုပ်စုဟာ ရွာတွေကို မီးရှို့ပြီးနောက် စစ်ရှောင်တွေပုန်းခိုနေတဲ့ တောတောင်ထဲအထိ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုဟာ တောမှာထားတဲ့ ဆန်အိတ်ပဲအိတ်တွေကိုပါ မီးရိူ့သွားတယ်လို့ အလယ်ရွာမှ ဘုမ (အမည်လွဲ) ကပြောပါတယ်။
“အခုဟာက ရွာတွေပစ်မှတ်မထားတော့ဘူး။ ကျနော်တို့ရွာကအိမ်တွေလည်း ကုန်ပြီလေ။ မီးရိူ့ခံရတာကိုး တောထဲပြေးရတာပေါ့။ တောထဲမှာ ဖြစ်သလိုနေရတဲ့ကြားက သူတို့က အဲထိပါ လိုက်ပစ်တော့ ကျနော်တို့ တော်တော်သတိထားနေရတယ်”လို့ ရွာလုံးကျွတ်မီးရှို့ခံရတဲ့ စမ်းမြို့ရွာသား တစ်ဦးက ဆိုပါတယ်။
“သူတို့စစ်ဝတ်စုံဆို စစ်ဝတ်စုံဝတ်ရမှာပေါ့။ ခုဟာက ဘာအဆင်တွေလည်း မသိဘူး။ သေချာတာကတော့ အစိမ်းနဲ့ အကြား ဗျ။ တဆင်ထဲမဟုတ်ဘူး။ ကွဲတယ်။ ကျနော်တို့ရွာရောက်မှ ကားပေါ်ကနေထုတ်ဝတ်ကြတာ”လို့လည်း သာလင်းရွာသားတစ်ဦးက ပြောပါတယ်။
မြစ်သာအရှေ့ဘက်ကမ်းက မြင်သား၊ ကုန်းရွာ၊ စမ်းမြို့၊ အလယ်ရွာ၊ ရွာမ ၊ မိုးစို၊ ချောင်းကောက် လူးဒါး စတဲ့ရွာတွေက ဒေသခံတွေဟာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတာဖြစ်တယ်လို့ သိရပါတယ်။
Photo -CJ ( ပုံဟောင်းအသုံးပြုထားပါသည်။)