အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးPDFတို့ ၆ရက်အတွင်း တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားကာ စစ်အုပ်စုက ၂၀ဦးခန့် သေဆုံးခဲ့တယ်လို့ PDF-Mandalayက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၂၀ရက်နေ့မှာ စဉ့်ကူးမြို့နယ်အတွင်း PDF-Mandalay နယ်မြေစိုးမိုးထားတဲ့ နေရာကို အကြမ်းဖက်စစ်အုပ်စုက အင်အား ၃၅၀ခန့်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထိတွေ့ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၇ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ PDF-Mandalayက ရဲဘော် အာကာစိုးလည်း ကျဆုံးခဲ့ရတယ်လို့ PDF-Mandalayက ဖော်ပြထားပါတယ် မေလ ၂၄ရက်နေ့မှာတော့ မတ္တရာမြို့နယ်အတွင်းမှာ PDF-Mandalayက နယ်မြေစိုးမိုးဆောင်ရွက်နေစဉ် စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထိတွေ တိုက်ပွဲကြီး ၂ကြိမ်နဲ့ တိုက်ပွဲ ၂ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၃ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။