စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မြို့နယ်အချို့မှာ အကြမ်းဖက်စစ်အုပ်စုက တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က မတ်လ ၂၄ရက်နေ့ ည ၁၁နာရီ မိနစ် ၄၀ကျော်လောက်က စတင်ကာ အင်တာနက်တွေ ပြတ်တောက်သွားပြီး ဒီကနေ့ မတ်လ ၂၅ရက်နေ့ မနက် ၆နာရီ၄၈မိနစ်ခန့်မှာ MPT ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
“အစောပိုင်းက တယ်လီနောရသေးတယ်၊ ဖိုက်ဘာထဲမှာဆို Welink ရသေးတယ် ဒီမနက်ကျတော့ ဖိုက်ဘာတွေပါ မရတော့ဘူး အကုန်ဖြတ်သွားတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ဆင်ရေးတစ်ခုခုရှိနေတာကြောင့် အခုလိုဖြတ်တောက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပြီး စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ထားတဲ့ မြို့နယ်အများစုမှာ ဖုန်းလိုင်းနေပါ ပြတ်တောက်သွားတာဖြစ်တယ်လို့ စစ်ကိုင်းမြို့ ဒေသခံတွေက ဆိုပါတယ်။