ရွာတွေမီးရှို့ပြီးပြန်လာတဲ့ စစ်တပ် မင်းကင်းမှာ တိုက်ခိုက်ခံရ၊ ၂ ဦးသေ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြစ်ရိုးအထက်ကရွာတွေကို မီးရှို့ဖျက်ဆီးပြီး စုန်ဆင်းလာတဲ့ အကြမ်းဖက် စစ်တပ်ကို ရေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘနဲ့ ရှမ်းတောရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကလေးဝဆိပ်ကမ်းကနေ မော်တော် ၆ စီးနဲ့ စုန်ဆင်းလာတဲ့ စစ်တပ်ကို ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ရေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၃) က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မော်တော်တစီး ၀မ်းပေါက်သွားပြီး မင်းကင်းမြို့နယ်၊ နှင်းကြီးရွာမှာ ဆိုက်ကပ်ထားကြောင်းအကြမ်းဖက်စစ်သား စနိုက်ပါ ၂ ဦးမှာလည်း တပ်ရင်း (၃) ရဲဘော်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
မေလ ၈ ရက်နေ့၊ အထက်စသာကျေးရွာအနီး ထိတွေ့တိုက်ပွဲမှာစစ်သား ၁ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးခဲ့ပြီး ပကဖ တပ်သားတဦး ကျဆုံးခဲ့ပါတယ်။