နယ်သာလန် တော်လှန်သင်္ကြန် ရံပုံငွေ စျေးရောင်းပွဲ ကျင်းပပြီးစီ

Photo – Htin lin(နယ်သာလန်)
နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ တော်လှန်သင်္ကြန် ရံပုံငွေစျေးရောင်းပွဲကို မနေ့က ဧပြီလ ၂၃ ရက်နေ့တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ် စကစ်ပူးလေယာဥ်ကွင်းအနီး ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။
နယ်သာလန် နိုင်ငံအတွင်းက မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာအစားအစာ၊ တိုင်းရင်းသား အစားအစာတွေအပြင် save myanmar မှ တီရှပ်တွေရောင်းချခဲ့သလို NUG Bond ငွေတိုက်စာချုပ်တွေလဲ ရောင်းချခဲ့ပါတယ်။ တော်လှန်ရေး ထောက်ပို့တပ်သားတွေအဖြစ်လဲ လစဥ် ယူရို ၂၀ / ၃၀ /၅၀ / ၁၀၀/ ၅၀၀ /၁၀၀၀/ အထိပေးနိုင်တဲ့ ထောက်ပို့ရဲဘော်အဖြစ် ပါဝင်ခဲ့ကြပါတယ်။
နယ်သာလန်တွင် မွေးဖွားကြီးပြင်းကြတဲ့ မြန်မာမျိုးစက်သစ်တွေက တိုင်းရင်းသားအကတွေနဲ့ ဖျော်ဖြေကပြပြီး အပျော် သင်္ကြန်မဟုတ်ပဲ တော်လှန်သင်္ကြန်ကျင်းပြပြီး ရံပုံငွေစျေးရောင်းပွဲကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပြင်သစ် ဘယ်ဂျီယံ ဂျာမဏီနိုင်ငံတွေကပါ လာရောက်ပူးပေါင်းခဲ့ကြတာပါ။
တိုင်းရင်းသား အကတွေနဲ့အတူ တော်လှန်သံချပ်နဲ့ မနက် ၁၀ နာ၇ီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး စုစုပေါင်း လူဦးရေ ၃၀၀ ကျော်ပါဝင်ခဲ့ကြတာပါ။ ရံပုံငွေပွဲအတွင်းရရှိတဲ့ အလှုငွေတွေကို ပြည်တွင်းကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။