ဒီနေ့ဧပြီလ ၂၁ ရက်နေ့မှာ စစ်အုပ်စုရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကြားက စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု ကျဆုံးရေး ကျေးလက်ဆိုင်ကယ် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
၅/ တွေဟာ ရဲရင့်တယ် သွေးရဲတယ် မတရားမှုကိုငြိမ်ခံမနေတက်ဘူး ။ ၅/ တွေရဲ့ကျေးလက်တွေ မှာမီးရှို့ခံရမှုတွေ ဖမ်းဆီးခံရမှုတွေ လေကြောင်းထိုးစစ်ဆင်ခံရမှုတွေ နေ့စဉ်နဲ့အမျှဖြစ်ပျက်နေ သလိုကျေးလက်နေ ပြည်သူတွေဟာနာကျည်းမှုတွေနဲ့ ရတဲ့နေရာမှာရသလိုတော်လှန်ပုန်ကန်နေ ကြဆဲလိုဆိုပါတယ်။
ဓာတ်ဆီစျေးတွေ မြင့်တက်နေတဲ့ကြားက သွေးမအေးကြောင်း ပြတဲ့အနေနဲ့ ကျေးလက် ဆိုင်ကယ်သပိတ် ချီတက်ခဲ့တာလို့ ဆိုပါတယ်။