စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းက အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သေဆုံးစစ်သား ၃ ဦးနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီပဲရင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၈ ရက်နေ့ညက စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဘုတလင်မြို့နယ်၊ ကူတော် ရဲစခန်းက အကြမ်းဖက်စစ်တပ်နဲ့ ဂဠုန်တပ်တော် တပ်ရင်း ၁ တို့ ဧပြီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ မိနစ် ၃၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မနေ့ညက ထုတ်ပြန်ပါတယ်။
သိမ်းဆည်းဖမ်းဆီးမိတဲ့ လက်နက်မျိုးစားတွေက G3 မောင်းပြန် ရိုင်ဖယ်၄ လက် ၊ 7•62 ကျည် အမျိုးအစား ၅၄ တောင့် ၊ ကျည်ကာအက်ျီ တစ်ထည် ၊ လက်ပစ်ဗုံး တစ်လုံး၊ လွယ်အိတ်တစ်လုံးနဲ့ ကျည်ဖောက် ၆ ခု တို့ဖြစ်ပါတယ်။
ဂဠုန်တပ်တော်မှာ ခဲယမ်းလက်နက် လုံလောက်မှု မရှိခြင်းကြောင့်သိမ်ဆည်းရရှိတဲ့ လက်နက်တွေကို တရားသောစစ်မှာ အကျိုးရှိစွာ ဆက်လက် အသုံးချနိုင်တော့မယ်လို့လည်းဆိုပါတယ်။