စစ်ရှောင်တွေကို ရိက္ခာပို့သူလူငယ် အကြမ်းဖက်စစ်တပ် ပစ်ခတ်လို့ သေ

အကြမ်းဖက်စစ်တပ်က နှိပ်စက်ပြီးသတ်ခဲ့တဲ့ စစ်ရှောင်တွေကို ရိက္ခာပို့သူ လူငယ်တစ်ဦးရဲ့ ရုပ် အလောင်းကို ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ​ဒေါ​ညေခူ​ကျေးရွာမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
​ဒေါ​ညေခူ​ကျေးရွာမှာ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-Local PDF)နဲ့ မဟာမိတ်တပ်​ပေါင်းစုတို့ ဒီနေ့မှာ နယ်​မြေရှင်းလင်း​​ရေးလုပ်​နေစဉ် ​ အသက်(၂၅)နှစ် ဝန်းကျင်ရှိ​ အမျိုးသားတစ်ဦးရဲ့ ရုပ်အ​လောင်းကို ​တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အချက်အလက်စု​ဆောင်း​ရေးအဖွဲ့က လိုက်လံစုံစမ်းရာ သေဆုံးသူဟာ ​စစ်​ရှောင်တွေကို ရိက္ခာပို့နေတဲ့ မိုးဗြဲ​မြို့နယ်နေ မောင်ပါစကွားလယ်ဖြစ်​​ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဒီမောဆိုPDF ကထုတ်ပြန်ပါတယ်။
​ ​မောင်ပါစကွားလယ်ကို အကြမ်းဖက်စစ်​တပ်က ရက်စက်စွာပစ်ခတ်သတ်ဖြတ်ပြီး ​ပျောက်ကြားဝတ်စုံဝတ်​ပေးကာ ရုပ်အ​​လောင်းကို ပစ်ထားခဲ့ခြင်းဖြစ်ပါတယ်။
သူနဲ့အတူ ဆိုင်ကယ်တစ်စီးတည်း စီးလာပြီး လွတ်​မြောက်ခဲ့သူကဧပြီလ(၅)ရက်​နေ့ မနက်၈နာရီလောက်မှာ ဖရူဆိုမြို့နယ်၊ ​ဒေါ​ညေခူ အ​ရောက် စစ်တပ်​ရဲ့ ဝိုင်းပစ်ခတ်ခြင်းခံရပြီး ​မောင်ပါစကွားလယ် က ဆိုင်ကယ်ပေါ်ကနေ လဲကျ ကျန်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
‘အပစ်ခံရတော့ ကျွန်​တော်ဆိုင်ကယ်ကိုအမြန်​မောင်း​​ပြေးတဲ့ချိန်မှာပဲ သူကဆိုင်ကယ်​ပေါ်ကကျသွားတာ ကျွန်​တော်လှည့်ကြည့်​တော့ သူကလဲနေပြီ ။အဲဒါကြောင့်ကျွန်​တော်လည်းဆက်ပြီး​မောင်း​ပြေးလိုက်တာ။ အဲ့အချိန်မှာ ကင်း​ထောက်ရဲ​ဘော်​တွေ​တွေ့လိုက်တာစိတ်သက်သာရာရတာ၊ ဆိုင်ကယ်ဆီတိုင်ကီလည်း လက်နက်ကျည်ထိပြီးပေါက်သွားတယ်။
ကျွန်​တော်က​တော့ ​ပေါင်မှာထိရှဒဏ်ရာပဲရတာ။ ကျွန်​တော်တို့နှစ်​ယောက်စလုံးက အရပ်ဝတ်နဲ့ပဲသွားတာ အခုအ​လောင်းပြန်ရ​​တော့ ယူနီ​ဖောင်းနဲ့ဖြစ်​နေတယ်”လို့ သူကပြောပါတယ်။
အလားတူ ဖရူဆိုကနေတက်လာ​တဲ့ အမျိုးသားနှစ်ဦးကို လည်းအကြမ်းဖက်စစ်​တပ်က ပစ်ခတ်သတ်ထားခဲ့ပေမဲ့ ဒီနေ့အချိန်ထိ အစအနမ​တွေ့ရ​သေးဘူးလို့ သိရပါတယ်။
ဒီး​​မော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၀၆ဦးရှိပြီလို့ ဆိုပါတယ်။