ရန်ကုန်လူထုသပိတ်က ဒီနေ့ဧပြီလ ၆ရက်နေ့မှာ “Revolution is not a festival” စာတန်းကိုရန်ကုန်မြို့ လူကူးကုန်းတံတားတစ်ခုပေါ်မှာ ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။
ပျော်ပွဲရွှင်ပွဲ ပွဲတော်မဟုတ်ကြောင်း၊ အပျော်အပါးကြောင့် တော်လှန်ရေးမနှောင့်နှေးစေဖို့ တော်လှန်ရေးသတိကပ်ထားဖို့ လူထုလှုံဆော်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိတော်လှန်ရေးကာလမှာ သင်္ကြန်နှစ်သစ်ကူးကာလ နီးကပ်လာပြီး အကြမ်း ဖက်စစ်အုပ်စုကသင်္ကြန်ပွဲ ကျင်းပဖို့လုပ်နေတာကို ပါဝင်ဆင်နွှဲတာမလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။