ရန်ကုန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံကျောင်းသူ မသဉ္ဇာထက်မိုး ထောင်သုံးနှစ်ချမှတ်ခံရ

Photo – UYSU
ရန်ကုန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံကျောင်းသူ မသဉ္ဇာထက်မိုးကို ပဲခူးတရားရုံးက ထောင်သုံးနှစ်ချခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဧပြီ ၄ရက် မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မသဉ္ဇာထက်မိုးကို ပဲခူးတရားရုံးက ပုဒ်မ ၅၀၅-ကနဲ့ မတ်လ ၁၇ ရက်မှာ ထောင် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး သူနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်သူ အခြား ၁၄ ဦးဟာလည်း ပုဒ်မ ၅၀၅-က နဲ့ ထောင်ချခံလိုက်ရတယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်တုန်းက ရန်ကုန်ကနေ ပဲခူးသို့အသွားလမ်းမှာ မသဉ္ဇာထက်မိုးကို စစ်အုပ်စုတွေ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီနောက် ရန်ကုန်ကစစ်ကြောရေးစခန်းတခုမှာ နှစ်ပတ်ကြာနေခဲ့ရတယ်လို့ UYSU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မသဉ္ဇာထက်မိုးဟာ ပဲခူးစစ်ကြောရေးမှာလည်း တစ်ပတ်ကြာ နေခဲ့ရပြီးနောက် ပဲခူးအကျဉ်းထောင်ကို ပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။