အကြမ်းဖက်စစ်အုပ်စုရဲ့ ဗုံးကြဲလေယာဉ်နှစ်စီးဟာ ဒီနေ့မနက် ၂ နာရီလောက်မှာ ကေအဲန်ယူ၊ မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်း ဗုံး ၄ လုံးကြဲချခဲ့ရာ အိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ် လေယာဉ်နှစ်စီးဟာ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု အတွင်းရှိ ဒေဘုနိုရွာအထက်တန်းကျောင်းဝင်းဟောင်းနဲ့ ထီးလေးကွီးကျေးရွာအတွင်းကို လေယာဉ်တစ်စင်းဗုံးနှစ်လုံးစီနဲ့ စုစုပေါင်း (၄) လုံးလာရောက်ဗုံးကြဲချသွားကြောင်း မူတြော်သတင်းစဉ်ကဖော်ပြပါတယ်။
ဗုံးကြဲချမှုကြောင့် လူသူမဲ့အိမ်တချို့ ထိခိုက်ပျက်စီးသွားကြောင်းသာ သိရှိရပြီး ထိခိုက်ပျက်စီးမှု အတိအကျကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။