ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ နေ့တိုင်းနီးပါးထိ တွေ့တိုက်ပွဲတွေ ဖြစ်နေပြီး မတ်လ လဆန်းကနေ ဒီနေ့အထိ ၁၅ ရက်အတွင်း PDF ရဲဘော် ၇ ဦးကျဆုံးခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မတ်လဆန်းပိုင်းက စတင်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးကာ အကြိမ်ပေါင်းများစွာ တာဝေးပစ်လောင်ချာတွေနဲ့ ဆက်တိုက်ပစ်ခတ်သလို လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နန်းမယ်ခုံမြို့နဲ့ ဒေါငံခါးရွာတွေကို ယာယီဆုတ်ခွါ လက်လွှတ်လိုက်ရတယ်လို့ သူဆက်ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စု တပ်တွေလည်း ရာဂဏန်းနီးပါး ထိခိုက်ဒဏ်ရာရတာတွေရှိပြီး သေဆုံးသူအများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
Credit- ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို