ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ Karenni Generation Zတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက သေဆုံးသူတွေရှိခဲ့သလို့ KGZက စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဆော်ရယ်(ခ) ဇော်လင်းထွန်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကနေ့ မတ်လ ၉ရက်နေ့ မနက်ပိုင်းက စပြီး ကုန်းသာကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး KGZ စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဆော်ရယ် ကျဆုံးခဲ့ရတာပါ။
အသက် ၂၄နှစ်အရွယ် ဗိုလ်ဆော်ရယ်(ခ) ဇော်လင်းထွန်းဟာ လွိုင်ကော်ပညာရေးကောလိပ် DTEd အပတ်စဉ် ၂၃/၁၈ ဝိဇ္ဖာတန်းခွဲ(A)က ကျောင်းသားတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အာဏာမသိမ်းယူခင် အချိန်က လွိုင်ကော်ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
စစ်အုပ်စုက အာဏာသိမ်းယူအပြီးမှာ ဗိုလ်ဆော်ရယ်(ခ) ဇော်လင်းထွန်းဟာ စစ်အုပ်စုကို လက်နက်ကိုင် ဖြုတ်ချနိုင်ရေးအတွက် KGZကို ဝင်ရောက်ပြီး စစ်ကြောင်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့တာပါ။
ဆရာဇော်လင်းထွန်း ကျဆုံးခဲ့တဲ့အပေါ် ပညားရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက ကျောင်းသားရဲဘော် ဇော်လင်းထွန်းကို ကျောင်းသားအာဇာနည်သူရဲကောင်း ရဲဘော်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။