ဖျာပုံမှာ ကိုသီဟဦး ကျဆုံးမှု တစ်နှစ်ပြည့် ဂုဏ်ပြုဆုတောင်းပွဲပြုလုပ်

ဓာတ်ပုံ-PDFP

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် အကြမ်းဖတ်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတစ်ဦးဖြစ်သူ ကိုသီဟဦးရဲ့ ကျဆုံးခဲ့ရတဲ့ တစ်နှစ်ပြည့် ဂုဏ်ပြုဆုတောင်းပွဲကို PDFP ရဲဘော်တွေက ကျင်းပခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

၂၀၂၁ခုနှစ် မတ်လ ၈ရက်နေ့က ဖျာပုံမြို့ ၁၁ရပ်ကွက် ဒုတိယလမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းရာမှာ ကိုသီဟဦးကျဆုံးခဲ့ရတာပဲဖြစ်ပါတယ်။
ကိုသီဟဦးကျဆုံးခဲ့ရတဲ့ တစ်နှစ်ပြည့်အဖြစ် မနေ့က PDFPရဲဘော်တွေက ကိုသီဟဦးကျဆုံးခဲ့ရတဲ့ နေရာမှာ နှင်းဆီနီတွေနဲ့ ဂုဏ်ပြုဆုတောင်းပွဲကို လုပ်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။