ရွှေကူမြို့နယ် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိ March 8, 2022 ဒေသအလိုက် သတင်းကဏ္ဍ Credit- The 74 Media ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။ မနေ့က မတ်လ ၇ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀ကျော်နဲ့ မံဝိန်းကျေးရွာကို ဝင်ရောက်တပ်စွဲပြီးနောက် ညနေ ၃နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက စစ်ကြောင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KIAက ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီဘက်က စစ်ကြောင်းမှူးက ကျတယ်မကြားသေးဘူး၊ ထိတယ်ပဲကြားတာ။ KIA က ဒူဝါ(ဒုဗိုလ်)တစ်ယောက်ကျပြီး PDF တစ်ယောက် ခြေထောက်ထိတယ်။ ခြေထောက်ထိတဲ့ PDF က မစိုးရိမ်ရဘူး”လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။ မံဝိန်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ရွှေကူ
နိုင်ငံရေး ဖားကန့်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဒေသခံ၂၀ကျော်ကို ညတွင်းချင်းပြန်လွှတ်ခဲ့ April 30, 2023 နိုင်ငံရေး ဧပြီ၊ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းယန်ကျေးရွာကို စစ်ကောင်စီက မနေ့က ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သား၂၁ ဦးကို မနေ့ကညပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မိုးမောက်မှာ စစ်အုပ်စုလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး အပစ်ခံရ March 7, 2022 ဒေသအလိုက် သတင်းကဏ္ဍ ကချင်ပြည်နယ် မိုးမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၇ရက်နေ့ ညနေ ၅နာရီခန့်မှာ မိုးမောက်မြို့မရဲစခန်းက နယ်ထိန်းရဲ ကျော်ဇေယျ(ခ) ကျော်ကျော်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်သွားတာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး မံစီရှိ စစ်ကောင်စီရဲ့စီခမ်းကြီးတပ်စခန်းကို KIA နဲ့ AA ပူးပေါင်းထိုးစစ်ဆင် February 18, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၁၈ မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ စီခမ်းကြီးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှာ မဟာမိတ် KIA နှင့် [ဆက်လက်ဖတ်ရှုရန်]