ရွှေကူမြို့နယ် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိ March 8, 2022 ဒေသအလိုက် သတင်းကဏ္ဍ Credit- The 74 Media ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။ မနေ့က မတ်လ ၇ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀ကျော်နဲ့ မံဝိန်းကျေးရွာကို ဝင်ရောက်တပ်စွဲပြီးနောက် ညနေ ၃နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက စစ်ကြောင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KIAက ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီဘက်က စစ်ကြောင်းမှူးက ကျတယ်မကြားသေးဘူး၊ ထိတယ်ပဲကြားတာ။ KIA က ဒူဝါ(ဒုဗိုလ်)တစ်ယောက်ကျပြီး PDF တစ်ယောက် ခြေထောက်ထိတယ်။ ခြေထောက်ထိတဲ့ PDF က မစိုးရိမ်ရဘူး”လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။ မံဝိန်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ရွှေကူ
ဒေသအလိုက် သတင်းကဏ္ဍ မိုးညှင်းမှာ လေပြင်းတိုက်ခတ်မှုလို့ လူနေအိမ် ၁၅ လုံးပျက်စီ March 25, 2022 ဒေသအလိုက် သတင်းကဏ္ဍ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဘီလူးမြို့အနီးရှိ အုန်းစံဆိုင်ကျေးရွာမှာ မနေ့ည ၁၁ နာရီလောက်က လေပြင်းတိုက်ခတ်မှုတ်ကြောင့် လူနေအိမ် ၁၅ လုံးနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Kachin News Group က ဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မံစီဒေသမှာ စစ်အုပ်စုနဲ့ KIAတို့ တိုက်ပွဲဖြစ်ပွား March 12, 2022 ဒေသအလိုက် သတင်းကဏ္ဍ ကချင်ပြည်နယ် မံစီမြို့နယ် မုန်ခေါန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်၉နာရီလောက်မှာ KIA တပ်မဟာ(၃) တပ်ရင်း ၂၇နယ်မြေ မံစီမြို့နယ် မုန်ခေါန်ကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မိုးကောင်းမြို့နယ် နေရာအချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက် August 23, 2021 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ၂၃၊ ဩဂုတ်လ၊ ၂၀၂၁။ မိုးကောင်းမြို့နယ်က နေရာအချို့မှာ ဩဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်က စတင်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခြင်းကြုံတွေ့နေရပါတယ်။ ရပ်ကွက်အချို့မှာ အချိန်အနည်းငယ်သာ ပြတ်တောက်ခဲ့ပေမဲ့ နေရာအများစုမှာ ယခုအချိန်ထိ ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]