ဒီနေ့ မတ်လ (၈) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးများကို လေးစားဂုဏ်ပြုရင်း “ဣတ္ထိယတွေရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာသားကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ဆန္ဒပြပွဲကို Women Alliance Burma က ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များ သမဂ္ဂ (Youth Union) ၊ Revolution Force (RF) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစုတို့ ပူးပေါင်း ဆန္ဒပြခဲ့ကြတာပါ။
Related Articles
ရန်ကုန်မှာ တစ်နေ့တည်း မီး ၈ကြိမ်လောင်
ရန်ကုန်မြို့မှာ မီးလောင်မှုတွေ တောက်လျှောက် ဖြစ်ပွားနေပြီး တစ်နေ့တည်း ၈ကြိမ် ထက်မနည်းလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် မှာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေထဲမှာ ကိုင်းတော မီးလောင်မှု နှစ်ကြိမ်နဲ့ တောမီးလောင်ကျွမ်းမှု [ဆက်လက်ဖတ်ရှုရန်]
ရန်ကုန်က မြို့နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာ
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှု တွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်ကနေ စတင်ရွာသွန်းခဲ့တာဖြစ်ပြီး လက်ရှိမှာ မှော်ဘီ၊ တိုက်ကြီး၊ လှိုင်သာယာ [ဆက်လက်ဖတ်ရှုရန်]
ခရမ်းသွေးသောက်အဖွဲ့ကို လူ၂၀လောက်နဲ့ ဖွဲ့စည်းထား
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့မှာ သွေးသောက်အဖွဲ့ကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင် ၂၀ လောက်ရှိတယ်လို့သိရပါတယ်။ အဲဒီသွေးသောက်အဖွဲ့မှာ ဒလန်တွေ၊ စစ်တပ်နောက်လိုက်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါဝင်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ခရမ်းသွေးသောက်အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင်တချို့ကို ခရမ်းချန်နယ် တယ်လီဂရမ်စာမျက်နှာ [ဆက်လက်ဖတ်ရှုရန်]