 Photo- SBDF
Photo- SBDF
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဂွေးကုန်းရွာကနေ လုယက်ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၃၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ယမန်နေ့ နေ့လည်ပိုင်းက Ghost Rider Special Task Force နဲ့ နတ်တောင်နဂါးအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်တယ်လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
 
ရွှေဘိုအရှေ့ခြမ်း ဂွေးကုန်းကျေးရွာမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ စုဝေးနေတယ်ဆိုတဲ့ သတင်းအရ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ် (SBDF) တပ်စိတ် ၄ နဲ့မဟာမိတ်တွေဖြစ်တဲ့ Ghost Rider Special Task Force (MDY)၊ ယမ်းဘီလူးအဖွဲ့နဲ့ Brumese Dragon Force တို့က ဖေဖေါ်ဝါရီ ၂၄ ရက်မွန်းလွဲ ၂ နာရီလောက်မှာ ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။
 
အုပ်ချုပ်ရေးမှူးရဲ့တူ သတင်းပေးအကြီးစားလို့ဆိုသူ မောင်တောက်နဲ့ ပျူစောထီးခေါင်းဆောင် မြင့်သန်းတို့ကို ရှင်းလင်းနိုင်ခဲ့ပြီး မောင်းပြန်သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။