KNU တပ်မဟာ(၅)ထံ စစ်အုပ်စုက တပ်သားတစ်ဦး လာရောက်ခိုလှုံအလင်းဝင်

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅)ထံကို အကြမ်းဖက်စစ်အုပ်စုမှ တပ်မတော်သားတစ်ဦးကို လာရောက်ခိုလှုံ အလင်းဝင်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လိုက်ပါတယ်။


ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ဖာပွန်မြို့ကနေ လာရောက်အခြေစိုက်ထားတဲ့ စစ်အုပ်စု လက်အောက်ခံ ခမရ (၆၄၂)မှ တပ်သား မျိုးလွင်ဦးဟာ အကြမ်းဖက်စစ်အုပ်စုကိုစွန့်ခွာပြီးနောက် KNU တပ်မဟာကို ဆက်သွယ်ပူးပေါင်းကာ CDMလုပ်ဆောင်ပြီး အလင်းဝင် လာရောက်ပူးပေါင်းခဲ့တာပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ KNUတပ်မဟာ (၅) တစ်ခုထဲမှာပင် အလင်းဝင်လာရောက်ခိုလှုံခဲ့သူ တပ်မတော်သား ၅၀ကျော်ထိ ရှိလာပြီပဲဖြစ်ပါတယ်။
ဓာတ်ပုံ-မူတြော်သတင်းစဉ်