ဟောင်ကောင်မှာ အသက်၃နှစ်အထိ ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မယ်

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဟောင်ကောင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေမယ့် အသက်ကန့်သတ်ချက်ကို အသက် ၃နှစ်ကနေ ၁၇နှစ်အထိ လျော့ချလိုက်ပါတယ်။

တရုတ်နိုင်ငံထုတ် Sinovac Biotech ကိုဗစ်ကာကွယ်ဆေးတွေကို အသက် ၃နှစ်အထိ ထိုးပေးသွားဖို့ ဟောင်ကောင်က ခွင့်ပြုလိုက်တာပါ။

နိုဝင်ဘာလ ၂၀ရက်နေ့က ထုတ်ပြန်ချက်အရ မူလကသတ်မှတ်ထားတဲ့ အသက်အုပ်စုအရ ၁၂ကနေ ၁၇နှစ်အထိက ဦးစားပေးဖြစ်ပြီး အခုထပ်ပြီးလျော့ချလိုက်တဲ့ အသက်အုပ်စုကတော့ နောက်တဆင့် ဦးစားပေးထဲမှာ ပါဝင်တယ်လို့ အစားအသောက်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖေဖော်လအစကတည်းက ဟောင်ကောင်မှာ လူဦးရေရဲ့ ၆၀ရာခိုင်နှုန်းလောက် ကာကွယ်ဆေးအပြည့်အဝထိုးပြီးပြီလို့ Bloomberg ရဲ့ ကာကွယ်ဆေးဆိုင်ရာ အချက်အလက်တွေက ဖော်ပြပါတယ်။

အခုလို ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ အသက်ကန့်သတ်မှု လျော့ချတာက စာသင်ကျောင်းတွေ ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့နဲ့ နေ့စဉ်ပုံမှန်ဘဝကို အမြန်ဆုံးရောက်ရှိနိုင်ဖို့ဖြစ်တယ်လို့ အစားအသောက်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက ကူးစက်ခံရသူပေါင်း ၁၂၃၀၀ ကျော်နဲ့ သေဆုံးသူ ၂၁၀ ကျော် ရှိခဲ့ပါတယ်။