၁၅၊ နိုဝင်ဘာ၊ ၂၀၂၁။
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဆားဘီးယားအသင်းရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့် လွဲခဲ့ရတဲ့ ပေါ်တူဂီအသင်းဟာ ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်နေရပါပြီ။
စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆားဘီးယားတိုက်စစ်မှူးတွေဖြစ်တဲ့ တာဒစ်နဲ့ မီထရိုဗစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အရှုံးရလဒ်ကို ပိုင်ဆိုင်လိုက်ရပြီး ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ပါ လွဲချော်ခဲ့ရတာပါ။
ပေါ်တူဂီအသင်းဟာ တစ်မှတ်ရရုံနဲ့ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ရနိုင်မှာဖြစ်ပေမယ့် ဆားဘီးယားတိုက်စစ်မှူး မီထရိုဗစ်ရဲ့ မိနစ် ၉၀ မှာ သွင်းယူနိုင်ခဲ့တဲ့သွင်းဂိုးကြောင့် ရှုံးချက်နာခဲ့ရတာပါ။
ပေါ်တူဂီအသင်း ပရိသတ်တွေဟာ စီရော်နယ်ဒိုအပါအဝင် အသင်းမှာ ပါဝင်သူအားလုံးကို ဝေဖန်ပြစ်တင်ခဲ့ပြီး ကစားသမားတွေရဲ့ စိတ်ပျက်စရာစွမ်းဆောင်ရည်တွေအတွက် အပြင်းအထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။
လက်ရှိမှာ ပေါ်တူဂီ ကွင်းလယ်တိုက်စစ်မှူး ဘာနာဒိုဆေးဗားလ်ကတော့ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့် မရခဲ့လို့ ပေါ်တူဂီတစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်တွေအတွက် ပရိသတ်တွေကို တောင်းပန်မှု ပြုလုပ်ထားပါတယ်။
ပေါ်တူဂီအသင်းဟာ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်က ရှုံးပွဲကြောင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပလေးအော့ဖ်အဆင့်ကနေ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်သလို ဆားဘီးယားနဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဆုကြေးငွေ ယူရို ၁ သန်း ရခွင့်ပါ ဆုံးရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။