၃၁၊ အောက်တိုဘာလ၊ ၂၀၂၁။
ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၁၀ကျော်ကို အောက်တိုဘာလ ၃၀ရက်နေ့ တနေ့တည်း ဖမ်းမိခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ အနောက်ဘက် ကန်ချနာပူရီပြည်နယ်ထဲမှာ နယ်စပ်ကနေ ဝင်လာတဲ့ မြန်မာအုပ်စု ၃စုကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တာပါ။
သူတို့ဟာ ပဲခူး ၊ မော်လမြိုင် ၊ မန္တလေး စတဲ့မြို့တွေကနေ လာရောက်ကြတာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်ရဖို့အတွက် ပွဲစားတွေကို တယောက် ဘတ် ၁၅၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သူတို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအပြင် ကိုဗစ်အရေးပေါ်စည်းကမ်း ချိုးဖောက်မှုနဲ့ပါ အရေးယူထားပြီး သက်ဆိုင်ရာ ရဲလက်ထဲကို လွှဲပြောင်းပေးခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။