လောင်းလုံးမြို့မှာ စစ်အုပ်စုခန့် ရွာလူကြီးတစ်ဦး အပစ်ခံရ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန် ကျောက်ဆင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုကခန့်ထားတဲ့ ရွာလူကြီး တစ်ဦးကို အမည်မသိသေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်သွားကြောင့် သေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ရက်​နေ့ ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ မောင်းမကန်ကျောက်ဆင်ကျေးရွာက ရွာလူကြီးဖြစ်သူ ဦးရီဦးဟာ နေအိမ်ကနေ လမ်းလျှောက်ထွက်စဉ် အခုလို ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

“အဲ့လူကြီးက စစ်တပ်ကလူပါ၊ ဆန္ဒပြတဲ့သူတွေကို ဖမ်းခိုင်းတာလဲ သူပဲ၊ အဲ့ဒါကြောင့် အပစ်ခံရတာ သူကို ၄ချက်ဆင့်ပစ်သွားတာ တစ်ခါထဲ အသေပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာကို ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်ကာ ပြည်သူ ၂ဦးကို ရိုက်နှက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။