အကြမ်းဖက်စစ်အုပ်စုကြောင့် ကယားပြည်နယ်အတွင်း အသက်ဆုံးပါးခဲ့သူ ၁၂၂ဦးထိရှိ

၁၁ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ကယားပြည်နယ်(ကရင်နီ)အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ စစ်အုပ်စုက အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်ရင်း ဆုံးပါးခဲ့သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကျဆုံးခဲ့သူတွေဟာ စုစုပေါင်း ၁၂၂ဦးထိ ရှိလာပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
သပိတ်စစ်ကြောင်းတွေအတွင်း စစ်အုပ်စုပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၂ဦး၊ အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့ရသူ ပြည်သူ ၈၂ဦး၊ စစ်ဘေးရှောင်နေရင်း သေဆုံးခဲ့ရသူ ၁၀ဦးရှိပြီး KNDFနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျဆုံးခဲ့မှုဟာ ၂၈ဦးရှိတယ်လို့ သိရပါတယ်။
မြို့နယ်အလိုက် ကျဆုံးသူဦးရေအဖြစ် ဒီးမောဆိုမြို့မှာ အများဆုံးဖြစ်ပြီး ၈၃ဦး ဆုံးပါးခဲ့ကာ၊ လွိုင်ကော်မြို့မှာ ၂၁ဦး၊ ဖယ်ခုံမြို့မှာ ၁၀ဦး၊ မိုးဗြဲမြို့မှာ ၅ဦး၊ ဘောလခဲမြို့မှာ ၂ဦးနဲ့ ဖရူဆိုမြို့မှာ ၁ဦး ကျဆုံးခဲ့ရတာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ ကယားပြည်နယ်အတွင်းမှာ စစ်အင်အားတိုးမြှင့်ပြီး လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုကာ ပြည်သူတွေရဲ့ နေအိမ်တွေကို အကာအကွယ်ယူပြီး တိုက်ပွဲတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။