မိုးညှင်းမှာ စစ်အုပ်စုက လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

မိုးညှင်းမြို့နယ် အင်းတော်ကြီး မိုင်းနောင်ကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်တွေအသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာလ ၉ရက်နေ့ နေ့လည် ၁၁နာရီဝန်းကျင်မှာ မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း ၂မိုင်ခန့်အကွာကို စစ်အုပ်စုက တိုက်လေယာဉ် ၂စီးနဲ့ ၄ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ကျဲတဲ့နေရာနားက KIAနယ်မြေ၊ KIAနဲ့ PDFရှိတယ်ဆိုပြီး ပစ်တာထင်ရတယ်၊ လေယာဉ်၂စီးနဲ့ ဗုံးအများကြီးလာပစ်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်အုပ်စုက ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားဖူးခြင်းမရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) တပ်ရင်း ၂၆ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

Source-KNG

ပုံဟောင်းကိုအသုံးပြုထားပါတယ်။

Delta News Agency

Read Previous

ထီးချိုင့်မြို့မှာ ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၇ဦး ဖမ်းဆီးခံရ

Read Next

စစ်အာဏာသိမ်းမှုဟာ ကပ်ဆိုးအသွင်ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော