ကြူကြူ့ကို လေလံတင်ပလိုက်မယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အခုတလော တော်ကီတို့တော်ကီလွှတ်နေကျ ဖေ့စ်ဘွတ်ခ်ဆိုတာကြီးမှာ မေးတဆတ်ဆတ်ငေါ့ပြီး အငေါ့တူးနေတဲ့စကားတစ်ခွန်းကို မကြာခဏကြားနေရတယ်။ ‘၊မှတ်ပြီလား၊ဘယ်အစိုးရတက်တက် ကိုယ့်ထ မင်းကိုယ်ရှာစားရတာပဲဆို’တဲ့။

ပြောကြတာလဲမပြောနဲ့။အခုတော်ကီတို့ပြည်သူတွေ တစ်သက်လုံး ကောင်းရောင်းကောင်းဝယ်နဲ့ ကျစ်ကျစ်ပါစုဆောင်းထားသမျှရဲ့ တစ်ဝက်က သူ့အလိုလိုအငွေ့ပျောက်အရှိုက်ခံရသလို ပျောက်ဆုံးသွားလေ ခြင်းဆိုတော့။တော်ကီ့ငယ်သူငယ်ချင်း တောကမျိုးချစ်ကိုယ်တော်ကြီးက ဒုံးနည်းနည်းဝေးလို့ သေချာရှင်းစမ်း ပါဦးဆိုတော့ တော်ကီခပ်ပါးပါးသိတဲ့ ငွေကြေးဖောင်းပွမှုအကြောင်း အာခေါင်ခြစ်ရသေးလေရဲ့။

အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာစျေးနှုန်းနဲ့ အခုနှစ်ဆခုန်တက်လာတဲ့ ငွေလဲနှုန်းအ ကြောင်း။အခုမနေ့ကငွေလဲနှုန်းတစ်ဒေါ်လာကို ၂၃၅၀ကြီးများတောင် ရှိသွားပြီဆိုတဲ့အကြောင်း။အဲဒါကြောင့် အရင်က ငွေကျပ်သိန်း၁၀၀ဟာ သာဝတို့အစွမ်းပြချက်ကြောင့် ကျုံ့ဝင်သွားတာမို့ အလိုလိုသိန်း၅၀ ဖြစ်သွားပြီ ဆိုတဲ့အကြောင်း။

အဲဒီမှာသူငယ်ချင်း မျိုးချစ်ကိုယ်တော်က စုတ်တသတ်သတ်၊အနိစ္စတွေဒုက္ခတွေရွတ်လို့။မမြဲခြင်းတ ရားဆိုလား၊ပြည်သူတွေကမ မြဲခြင်းတရားကို တဖွဖွရွတ်လို့ ကံကိုသာပုံချလိုက်ရဦးမှာလားဆိုတော့ ကိုယ်တော် က ဘာမှဆက်မပြော စိပ်ပုတီးကိုသာ နာနာစိပ်လို့။ဒါနဲ့ ဖေ့စ်ဘွတ်ခ်ဗီဒီယိုကြီးကို မြန်မြန်ပိတ် လိုက်ရတယ်။

ကိုယ်တော်ကြီးကသာ ကိုယ်တော်မို့ အာပေါက်ရတာပါ။တော်ကီတို့ လမ်းထိပ်က မုန့်ဟင်းခါး သည် တောင် ခေတ်မီမီ ဆိုင်းဘုတ်တွေဘာတွေထောင်လို့ ငွေစျေးအကြောင်း ပြောပြတယ်။ ‘ယနေ့မုန့်ဟင်းခါးအ ကြော်နဲ့တစ်ပွဲ-၇၀၀ (နေ့စဥ်ဒေါ်လာစျေးအတက်ကြမ်းနေပါသဖြင့် နေ့စဥ်မုန့်ဟင်းခါးစျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါကြောင်း)’တဲ့။

ကဲ၊တော်ကီတို့မုန့်ဟင်းခါးသည် ဘယ်လောက်ခေတ်မီလိုက်လေသလဲ။တော်ကီက မုန့်ဟင်းခါးမ ကြိုက်ပေမဲ့ ခေတ်မီတာကိုကြိုက်လို့ မုန့်ဟင်းခါးတစ်ပွဲဝင်ဆွဲပြီး တော်ကီနည်းနည်း၀င်ဖောက်ကြည့်တော့ ‘ ဒီနေ့၁၀၀ရင်းတယ်၊၁၅၀ပြန်ရတယ်။မနက်ဖြန်ပြန်ရင်းတော့ ၁၀၀မရတော့ဘူး။၁၅၀ရင်းမှ မုန့်ဟင်းခါး ဆိုင်  ပြန်ထွက်လို့ရမှာဆိုတော့ အမြတ်ပါအကုန်ပြန်ရင်းရတဲ့သဘောလေ။လုပ်အားရှုံးတယ်။အချိန်ရှုံးတယ်။အ လုပ်လုပ်ပြီး မြတ်သလိုလို ထင်ရပြီးရှုံးတယ်’တဲ့။မုန့်ဟင်းခါးအဒေါ်ကြီးရဲ့ ပွားချက်က ဟိုငနဲမဲလုံးထက်အ သာ ကြီးနဲ့ ။တကယ့်ဘဝရဲ့တကယ့်ရင်ခေါင်းသံကြီးနဲ့။

ဘာလုပ်လုပ်ရှုံးတယ်ဆိုတဲ့ခေတ်ကြီးပေါ့။မုန့်ဟင်းခါးသည်လည်း ရှုံး၊ဆောက်လုပ်ရေးလုပ်ငန်းရှင် လည်းရှုံး၊တော်ကီမိတ်ဆွေ လုပ်ငန်းကြီးလေး၊ငါးမျိုးလုပ်နေတဲ့ သူဌေးကတော့ တတိယလှိုင်းကိုဗစ်ကတည်း ကအလုပ်တွေအကုန်ရပ်ပြီး ဘုန်းကြီးဝတ်နေတာ သာဝပြုတ်မှ သူလည်းဘုန်းကြီးကထွက်လို့ အလုပ်ပြန်လုပ် မယ်တဲ့။

သူဌေးလည်းအလုပ်လက်မဲ့၊တစ်လလုပ်တစ်လစားတွေလည်း အလုပ်လက်မဲ့။ဟိုး…အောက်ခြေတွေ လည်း အလုပ်လက်မဲ့။အလုပ်မရှိ ရွှေစျေးကသိန်း၂၀ကျော်ဆိုတော့ ရွှေရှိသူရွှေရောင်းတဲ့အလုပ်ရှိတဲ့ခေတ်၊ရှိ စုမဲ့စု ဒီရွှေထုပ်သေးသေးလေးကိုမှ ထုတ်မရောင်းရင်လည်း ကျိန်းသေပေါက်တောင်းစားရမယ့်ခေတ်ပေါ့။

‌ဒါတောင် ဒေါ်လာစျေးကဆက်တက်မယ်၊ကျပ်ငွေက ထပ်ဇောက်ထိုးမယ်၊ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာ သာဝနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကိုသာ လက်သိပ်ထိုးရောင်းနေတာ၊ဒါတောင် မှအခုဗဟိုဘဏ်မှာလည်း လေလံတင်စရာ‌ဒေါ်လာက နတ္ထိ ၊ထပ်လေလံတင်စရာ အစ်ကိုကာလသားတို့အ ကြိုက် ဗဟိုဘဏ်စာရေးမလေးတွေသာ ကျန်တော့တယ်တဲ့။တော်ကီဘော်ဒါ ‌ဒေါ်လာဆရာကြီးက သူတို့ လောကကြီးက အဲဒီလို ၊ဘယ်သူပြောပါတယ်ဆိုပြီး နာမည်ထည့်မရေးနဲ့လို့ဆိုတယ်။

ဒါမျိုးကြားပြီး သိပ်မကြာလိုက်ပါဘူး။တော်ကီတို့နေပူတော် နားကြီးမျက်ိကျယ်ရပ်ကွက်က တိုင်း ပြည်နဲ့လူမျိုးအတွက် အနစ်နာခံပြမယ်လို့ သာဝတို့လက်သီးလက်မောင်းတန်းနေတဲ့အကြောင်း တိုးတိုးတိတ် တိတ်သတင်းထွက်လာပြန်တယ်။စိတ်ချရတဲ့ အတွင်းသတင်းဆိုလား။

‘ဗဟိုဘဏ်က ရောင်းစရာဒေါ်လာမကျန်တော့ရင် ငါကိုယ်တိုင်အနစ်နာခံပြီး ကြူကြူ့ကို ‌ဒေါ်လာ နဲ့ လေလံတင်မယ်၊ခရိုနီအကြီး၊အငယ်တွေခေါ်ထားလိုက်’တဲ့။သာဝတို့အနစ်နာခံချက်ကအဲဒီလို၊ပြုံးတုံ့တုံ့မျက် နှာပေးကို အရက်ပျံလောင်းသပ်ချလို့ သေခါနီးမှ သာဝတို့အသည်းကွဲတော့မှာလိုလို။

သာဝနံဘေးက စစ်သမီးတွေကတော့  ‌ပြာတာတာခြေသလုံးကို လိုးရှင်းလူးလို့ မီနီစကတ်တွေဘာတွေ ဝတ်လို့ ဆရာသာဝ ရှေ့တော်မှောက် ပြာတာတာ လမ်းသလားနေကြပြီတဲ့။                                          တော်ကီ