၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။
တရုတ်ကွန်မြူနစ်ပါတီနဲ့ အာရှဒေသတွင်းက နိုင်ငံရေးပါတီတွေရဲ့ မနေ့ကပြုလုပ်တဲ့ အွန်လိုင်း အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြုအနေနဲ့ စမ်းချမ်းမြို့နယ်၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးဘ်ိုဘိုဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ရဲ့ ခေါင်းဆောင်တွေနဲ့ ပါတီဝင်အများအပြားကို ဖမ်းဆီးထားချိန်မှာ အင်အားကြီးတရုတ်နိုင်ငံရဲ့ကွန်မြူနစ်ပါတီက NLD ကို ဖိတ်ကြားတက်ရောက်စေခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီလေးခုကို ဖိတ်ကြားတက်ရောက်စေခဲ့တာဖြစ်ပြီး အခြား သုံးပါတီတော့ ပြည်ခိုင်ဖြိုး၊ ရခိုင်အမျိုးသားပါတီနဲ့ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီတို့ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေဟာ ‘နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းအစည်း အဝေးပြုလုပ်ခဲ့တာဖြစ်ပြီး NLD ကိုယ်စားပြုအဖြစ် စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦး ဘိုဘိုဦး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။