ရန်ကုန်- အင်းစိန် မြို့ပတ်ရထားပေါ်မှာ သေနတ်နဲ့ ပစ်ခံရလို့ ရဲ ၄​ယောက်သေ

၁၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဒီနေ့ သြဂုတ်လ ၁၄ ရက်နေ့ ညနေ၅နာရီခန့်က ရန်ကုန်ဘူတာကြီးက​နေ အင်းစိန်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားပေါ်မှာ လိုက်ပါလာတဲ့ ရဲ ၆​ယောက်ကို အမည်မသိ သေနတ်သမား​တွေက ပစ်ခတ်ခဲ့ပြီး ရဲ ၄​ယောက်သေဆုံးခဲ့တယ်လို့ မျက်မြင်​တွေ့ရှိသူ​တွေက ​ပြောပါတယ်။

ပန်းလှိုင်ဘူတာနဲ့ အလုံလမ်းဘူတာကြားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒု-တပ်ကြပ် ဝင်းဇော်လတ်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ သေဆုံးခဲ့ပြီး

တပ်ကြပ် မြင့်ဌေး၊ တပ်ကြပ် ကျော်ဇင် တို့ကို ကုတင် ၅၀၀ တပ်မ​တော်​ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

သေနတ် ၄လက် ပါသွားတယ်လို့လည်း သိရပါတယ်။

ရဲ ၄​ယောက်ရဲ့အလောင်း​တွေကို ကြည့်မြင့်တိုင်ဘူတာမှာ စစ်အုပ်စုတပ်​တွေ လာယူသွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။