ပုသိမ်မှာ နေ့လည် ၁၂နာရီကျော်ရင် ဖမ်းမယ်ဆိုတာ ကောလဟာလလို့ အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။

ဩဂုတ်လ ၁၃ရက်နေ့ မနေ့ညပိုင်းက ပုသိမ်မြို့တွင်းသွားလာနေသူတစ်ချို့ကို ရဲတွေက မနက်ဖြန်၁၂နာရီ နောက်ပိုင်း အပြင်ထွက်ရင် ဖမ်းမယ် ပြောခဲ့တယ်လို့ မြို့ခံတွေအကြား သတင်းထွက်ပေါ်လာပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အခုလို ဖြေရှင်းချက်ထွက်ပေါ်လာတာပါ။

ညက မိုးလေ၀သရုံးနားမှာဆိုင်ကယ်ကိုတားစစ်ပြီး မင်းမနက်ဖြန်၁၂နာရီထွက်ရင် ဖမ်းပြီးထောင်ချမယ်လို့ ရဲတွေကပြောလိုက်တယ်လို့ ပုသိမ်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၂၅ရက်နေ့က ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် တာ၀န်နဲ့နာရေးမှအပ နေ့လည်၁၂နာရီနောက်ပိုင်း အပြင်မထွက်ဖို့ ညွှန်ကြားချက်ကို ရက်တိုးမြှင့်တာလို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

တာဝန်နဲ့ ကျန်းမာရေးအရသွားလာသူတွေကို သက်ဆိုင်ရာခွင့်ပြုချက်နဲ့ သွားလာစေပြီး အထောက်အထားမပါသူတွေကိုတော့ ဖမ်းဆီးတာမလုပ်ပဲ ပညာပေးလုပ်ဆောင်တာသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။