ဟင်္သာတ-လှိုင်သာယာ မီးရထားလမ်း အလားအလာ ဘယ်လိုရှိမလဲ

၂၂ ၊ သြဂုတ်လ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အသုံးမပြုပဲ ထားလို့ ခြုံတွေနွယ်တွေတက်နေတဲ့ ဘီလီယံ ၃၀ နီးပါးတန်ဖိုးရှိ မီးရထားလမ်းကြီး တစ်ခုရှိပါတယ် ။ ဟင်္သာတဘူတာကနေ လှိုင်သာယာကို ဆက်သွယ်ထားတဲ့ ဒီမီးရထားလမ်းကြီးကို ဖေါက်လုပ်ဖို့ နအဖ အစိုးရလက်ထက်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မီးရထားပြေးဆွဲတဲ့အခါမှာ အရှုံးပေါ်လို့ ရပ်ဆိုင်းထားခဲ့ရတာပါ ။ အခုလ ၂၁ ရက်နေ့မှာတော့ ဒီမီးရထားလမ်းကြီးနဲ့ ပါတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ လေးမျက်မှာအမတ် ဦးဇော်မင်းသိန်းက မေးခွန်းမေးမြန်းခဲ့ပါတယ် ။