စစ်လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာသူ စစ်သားတွေကို ဆုငွေသိန်း၅၀ပေးမယ်လို့ CDF မင်းတပ်ကြေညာ

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ကနေ လွတ်မြောက်လိုတဲ့ စစ်သားတွေအနေနဲ့ ပြည်သူ့ထံမှာ စစ်လက်နက်ပစ္စည်းအပြည့်အစုံနဲ့ အလင်းဝင်လာပါက ဆုငွေ သိန်း၅၀ ချီးမြှင့်သွားပြီး သွားရောက်လိုတဲ့ ပြည်ပနိုင်ငံတွေကိုလည်း သွားနိုင်အောင် စီမံကူညီပေးမယ်လို့ CDFမင်းတပ်က ဩဂုတ်လ ၁၀ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

“အာဏာရှင်ရဲ့ လက်ပါးစေဘဝကနေ လွတ်မြောက်ခွင့်ရလိုတဲ့ စကစ ရဲဘော်တွေ ပြည်သူကိုအမိအဖအဖြစ်အသိမှတ်ပြုပြီး ပြည်သူနဲ့အတူရပ်တည်လိုတဲ့ စကစ ရဲဘော်တွေကို

ကျွန်နော်တို့ CDF(Mindat) ကနေနွေးထွေးစွာကြိုဆိုလျက်ပါ။Full Equipment နဲ့ ရောက်လာတဲ့ရဲဘော်တွေကို ဆုငွေ သိန်း ၅၀ ပေးမှာဖြစ်ပြီး ပြည်ပ / သွားလိုရာအရပ်သို့ သွားနိုင်အောင် စီမံပေးနိုင်ပါတယ်”လို့ CDFမင်းတပ်က သူတိုရဲ့ Facebook စာမျက်နှာကနေတဆင့် ရေးသားထားပါတယ်။

Delta News Agency

Read Previous

ပုသိမ်မြို့ရဲ့ ဒေါက်တာစစ်တင်ကွယ်လွန်

Read Next

စစ်အာဏာရှစ်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြောကြား