
” တခြားမလုပ်တတ်တော့ အလွယ်လမ်းလိုက်တာ။ သိသာလွန်းတယ်လေ၊ ဌာနဆိုင်ရာတင်ဒါခေါ်တာတွေ အခုနောက်ပိုင်းဆက်တိုက်တွေ့နေရတာ ”
၂၀၊ဩဂုတ်
တန်ဖိုးမြင့် သစ်အမျိုးအစားဖြစ်တဲ့ ကျွန်းသစ်လုံးတွေနဲ့ တခြားသစ်အမျိုးအစား တန်ချိန် ၃,၀၀၀ နီးပါးကို တင်ဒါစနစ်နဲ့ ရောင်းချဖို့အတွက် မြန်မာ့သစ်လုပ်ငန်းရုံးချုပ်က စီစဥ်နေပါတယ်။ အင်းစိန်မြို့နယ်မှာရှိတဲ့ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) မှာ စက်တင်ဘာလဆန်းအတွင်း ရောင်းချသွားမှာလို့ အသိပေး ကြေညာထားပါတယ်။
“အခုရောင်းမယ့်အရေအတွက်နဲ့ဆိုရင် ရမှာမနည်းဘူး။ ဒီလောက်ကြီး ရောင်းထုတ်တာ အရင်က မကြားဖူးဘူး ” လို့ သစ်ကုန်သည် တဦးက ပြောပါတယ်။
ရောင်းချမယ့် သစ်တွေက ရန်ကုန်မှာရှိတဲ့ ကျွန်းသစ်လုံးတန် ၃၀၀၊ တခြားနယ်က ကျွန်သစ်လုံးတန်၃၈၀၊ ပျဥ်းကတိုးသစ်လုံးတန် ၂၅၀ ၊ အင်သစ်လုံးတန် ၃၀၀၊ ခေါက်ကြန့်သစ်လုံးတန် ၂၀၀၊တခြားသစ်လုံး ၁,၃၄၀တန်၊ ကျွန်းခွဲသားတန် ၇၀ နဲ့ သစ်အခြေခံ စက်မှုလုပ်ငန်းဌာနပိုင် ကျွန်းခွဲသား တန် ၂၀၀ ဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။ MSMEsလုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေကို ဝင်ရောက် ယှဥ်ပြိုင် ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးကတည်းစီးပွားရေးကျဆင်းမူနဲ့အတူဘဏ္ဍာငွေအကြပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ စစ်အစိုးရအနေနဲ့ရှိတာထုတ်ရောင်းပြီး လိုအပ်နေတဲ့ဘဏ္ဍာငွေကြေးရအောင် လက်ပူတိုက်ဖြေရှင်းနေတဲ့သဘော တွေ့ရတယ်လို့ ကိုယ်ပိုင်ကုမ္ပဏီဖွင့်လှစ်လုပ်ကိုင်နေသူတဦးက ဆိုပါတယ်။
” တခြားမလုပ်တတ်တော့ အလွယ်လမ်းလိုက်တာ။ သိသာလွန်းတယ်လေ၊ ဌာနဆိုင်ရာတင်ဒါခေါ်တာတွေ အခုနောက်ပိုင်းဆက်တိုက်တွေ့နေရတာ ” လို့ သူကပြောပါတယ်။
စစ်အစိုးရအနေနဲ့ ဌာနပိုင်မြေတွေကို နှစ်တို၊နှစ်ပုဂ္ဂလိက ငှားရမ်းလုပ်ခွင့်ပေးတာ။ စစ်ဆေးရေးဂိတ်တွေ ဖမ်းမိတဲ့ပစ္စည်းတွေ ဆက်တိုက်ပြန်ရောင်းချနေတာရှိပါတယ်။
ကျွန်းသစ်မှာ ရှားပါးသစ် အမျိုးအစားဖြစ်သလို တန်ဖိုးမြင့်တဲ့ သစ်ဖြစ်ပြီး ပြင်ပပေါက်စျေး တတန်ကို ကျပ်သိန်း ၆၀ ကျော် ရှိတယ်လို့ သစ်ရောင်းဝယ်ရေး စျေးကွက်နဲ့ အကျွမ်း ဝင်သူတွေက ဆိုပါတယ်။
မြန်မာနိူင်ငံမှာ ကျွန်းသစ်ကို နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့် သစ်တောနယ်မြေ အတွင်းနဲ့ ပြင်ပမှာ ပုဂ္ဂလိက ခွင့်ပြုချက်ယူ စိုက်ပျိုးထားတ ၊ ဒေသခံပြည်သူ အစုအဖွဲ့က မှတ်ပုံတင် စိုက်ပျိုးထားတာ ၊နေအိမ်ခြံဝန်းမှာ စိုက်ပြီး မှတ်ပုံတင်ထားတာ၊ ပုဂ္ဂလိကပိုင်မြေ၊ အများပိုင်မြေ၊သာသနာ့မြေ၊ ဌာနဆိုင် ရာမြေ နဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ စိုက်ထားတဲ့ ကျွန်းပင်တွေကို သက်ဆိုင်တဲ့ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၂၀မှာ ကြေညာခဲ့ပါတယ်။
#ကျွန်းသစ် #သစ် #လေလံတင်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ