
ခရိုင်ပညာရေးမှူးရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းရွေ့လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခြေအနေ အသေးစိတ်ကို မေးမြန်းဖို့ ဟင်္သာတမြို့နယ် ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမတို့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
၂၁၊ ဇူလိုင်။
ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စု၊ အလကလက်ပံစု(နောက်)ကျောင်းမှာ ကျောင်းအိမ်သာနံရံပေါ် ပေကျံနေတဲ့
ရွှံ့စေးတွေကို ကျောင်းမှာရှိတဲ့ ကျောင်းသားအားလုံးကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ အလယ်တန်းပြဆရာမကို ပညာရေးဌာနက ကျောင်းပြောင်းနေရာချထားလိုက်ပါတယ်။
“အခုကတော့ ကျောင်းမှာ အေးဆေးပါ၊ အဲဒီဆရာမ မရောက်တော့ဘူး။ အစားထိုးဆရာမ အသစ် ရောက်နေတယ်။ သူ့ မရှိတော့တာ ကောင်းပါတယ်။ အခုသူ့ကို နယ်ပြောင်းလိုက်ပြီလို့ သိရတယ်။ ဘယ်ကိုပြောင်းလဲတော့ မသိဘူး” လို့ လက်ပံစုံ(နောက်)ရွာမှ ကျောင်းသားမိဘတဦးက ပြောပါတယ်။
အလက လက်ပံစု(နောက်)စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ် တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့သွားပြီး ဘယ်သူ လုပ်ထားတာလဲမေးကာ အဖြေမရတဲ့အတွက် ကျောင်းသားအားလုံး (သုံးဆယ်ဝန်းကျင်)ကို ခေါ်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့က လျှာနဲ့ လျက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အိမ်သာနံရံမှာ ကပ်နေတဲ့ ရွှံ့စေးတွေကို လျက်ခိုင်းတဲ့ အကြောင်း အိမ်ပြန်ရောက်ရင် မိဘတွေကို ပြန်မ ပြောကြဖို့၊ ပြန်ပြောခဲ့ရင် ကျောင်းရောက်လာတဲ့အခါ ရိုက်မယ်လို့လည်း အဲဒီဆရာမက ခြိမ်းခြောက်ပြောဆိုခဲ့ တယ်လို့ ကျောင်းသားတွေက သူတို့မိဘတွေကို ပြန်ပြောခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကို ကျောင်းသားမိဘတွေ သိသွားပြီးတဲ့နောက် ကျောင်းအုပ်ဆရာကြီးဆီ ဖုန်းဆက်တိုင်ကြားခဲ့တာ ကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြို့နယ်ပညာရေးရုံး တာဝန်ရှိသူတွေက လာရောက် စစ်ဆေးခဲ့ပြီး မြို့နယ်ပညာ ရေးရုံးကနေ စစ်ဆေးတွေ့ရှိချက်တွေကို ခရိုင်ပညာရေးမှူးရုံးထိ ထပ်မံတင်ပြထားခဲ့တာပါ။
လက်ရှိမှာ ခရိုင်ပညာရေးမှူးရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းရွေ့လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခြေအနေ အသေးစိတ်ကို မေးမြန်းဖို့ ဟင်္သာတမြို့နယ် ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမတို့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
အခုလို ကျောင်းသားတွေအပေါ် အိမ်သာနံရံက ရွှံ့စေးတွေကို လျှာနဲ့ လျက်ခိုင်းခဲ့တဲ့ ဆရာမတဦးကို ပညာရေးလော ကမှာ ဆက်မထားစေချင်ဘူးလို့လည်း ကျောင်းသားမိဘတွေက ပြောကြပါတယ်။
“ရွှေ့လိုက်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလောကမှာ မရှိစေချင်ဘူး။ ကျွန်မတို့ ရွာသားတွေကတော့ ဒီဆရာမ မရှိတော့ဘူးဆိုတော့ ဝမ်းသာနေကြတယ်” လို့ နောက်ထပ် ကျောင်းသားမိဘတဦးက ပြောပါတယ်။
ကျောင်းသားတွေကို အိမ်သာနံရံ လျက်ခိုင်းခဲ့တဲ့ ဆရာမဒေါ်မြမြသွယ်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ် ပါတယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတွေဟာ အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး မီဒီယာ တွေကို ထုတ်ဖော်မပြောကြဖို့ ရွာသားတွေကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
ကျောင်းသားတွေကို အဲဒီလိုလုပ်တာဟာ ဆရာမတယောက်အနေနဲ့ လုံး၀မလုပ်သင့်တဲ့ လုပ်ရပ်တခုဖြစ်ပြီး လူ့အ ခွင့်အရေးနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ဆရာ၊ ဆရာမတွေက မှတ်ချက် ပေးထားကြပါတယ်။
အလကလက်ပံစုနောက်ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း ခြောက်ဆယ်ရှိတယ်လို့ သိရပါပြီး ဆရာမဒေါ်မြမြသွယ်က ကျောင်းသား ၃၀ ကျော်ကို အိမ်သာနံရံပေါ်က ရွှံ့တွေကို လျှာနဲ့ လျက်ခိုင်းခဲ့တာဖြစ်ပါ တယ်။