တူရကီကုန်တင်သင်္ဘောကို ရုရှားတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံး

“ဒါဟာ ဘယ်လိုစစ်ရေးအရမှ ခြိမ်းခြောက်မှုမျိုးမှ မရှိတဲ့ နိုင်ငံခြားအလံလွှင့်ထူထားတဲ့ လက်နက်မဲ့ အရပ်ဘက်သင်္ဘောတစ်စင်းကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။

၂၀ ၊ ဇူလိုင်

ပင်လယ်နက်ထဲမှာ မောင်းနှင်လာတဲ့  တူရကီပိုင် ကုန်တင်သင်္ဘောတစင်းကို ဂျူလိုင် ၁၉ ရက်နေ့မှာ ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောပေါ်ပါ လူငါးဦး သေဆုံးပြီး အခြားသင်္ဘောသား ငါးဦး ပျောက်ဆုံးနေတယ်လို့ ယူကရိန်းရေတပ်က ပြောပါတယ်။၊

ဂီနီ-ဘစ်ဆော (Guinea-Bissau) နိုင်ငံအလံ လွှင့်ထူထားတဲ့ ‘Golden Leo’ သင်္ဘော

ဟာ ကောက်ပဲသီးနှံတွေ တင်ဆောင်လာတာဖြစ်ပြီး  ရုရှားက ခရုဇ်ဒုံးကျည် သုံးစင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါဟာ ဘယ်လိုစစ်ရေးအရမှ ခြိမ်းခြောက်မှုမျိုးမှ မရှိတဲ့ နိုင်ငံခြားအလံလွှင့်ထူထားတဲ့ လက်နက်မဲ့ အရပ်ဘက်သင်္ဘောတစ်စင်းကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။

“ဒီတိုက်ခိုက်မှုဟာ ငြိမ်းချမ်းစွာ ရေကြောင်းသွားလာမှုကို အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းလည်း ဖြစ်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖြည့်စွက်ဖော်ပြထားပါတယ်။

သင်္ဘောသားတွေထဲမှာ ဆီးရီးယားနဲ့ အိန္ဒိယနိုင်ငံသားတွေ ပါဝင်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ယူကရိန်း ရေကြောင်းပြတဦးနဲ့ သင်္ဘောသားလေးဦး သေဆုံးခဲ့ပြီး၊ သင်္ဘောသား ရှစ်ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် ငါးဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့ ညမှာပဲ ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပဲ့ထိန်းဒုံးကျည် အစင်း ၂၀ ကျော်နဲ့ ပစ်ခတ်ခဲ့တာကြောင့််လူတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ ဆိပ်ကမ်းအခြေခံအဆောက်အအုံတွေကို ပုံမှန်ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး အထူးသဖြင့် ပင်လယ်နက်ကမ်းခြေရှိ အိုဒက်ဆာ ဒေသကို အဓိကပစ်မှတ်ထားလေ့ရှိပါတယ်။

ယူကရိန်းဟာ အရှေ့ဘက်ပိုကျတဲ့ အာဇော့ဗ်ပင်လယ်အတွင်းရှိ သင်္ဘောလိုင်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာပါ။ အဆိုပါပင်လယ်ပြင်ဟာ ရုရှားနိုင်ငံက ပြည်ပကို တင်ပို့ရောင်းချတဲ့ စိုက်ပျိုးရေးထွက်ကုန်အတွက် အရေးပါတဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သလို၊ ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ခဲ့သော ခရိုင်းမီးယား ဒေသအတွက်လည်း ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

ကြာသပတေးနေ့က တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်ဟာ စေ့စပ်ညှိနှိုင်းရေးအတွက်  ကိယက်ဗ် မြို့ကို သွားရောက်ခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်အတွင်းမှာ ဝန်ကြီးက ယူကရိန်းစစ်ပွဲကို ပင်လယ်နက်ဧရိယာမှာ  ပိုမိုကျယ်ပြန့်လာတာကို ရကီအစိုးရ အနေဖြင့် မမြင်တွေ့လိုကြောင်း ပြောခဲ့ပါတယ်။

Ref – AFP